ရှင်ယောဟန်ခရစ်ဝင် 15:20
ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြ လော့။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 15
Cross References
Isaiah 53:1ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။
Matthew 10:24တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
Luke 2:34ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။
John 5:16ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။
John 8:51ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
John 10:31ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။