ရှင်ယောဟန်ခရစ်ဝင် 16:19
တပည့်တော်တို့သည်မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
Matthew 6:8ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။
Mark 9:33ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊
John 7:33ယေရှုကလည်း၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။
John 14:19ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
John 16:30အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။
Hebrews 4:13ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။