ရှင်ယောဟန်ခရစ်ဝင် 16:23
ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
Matthew 7:7တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
John 13:36ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
John 14:13သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။
John 14:22ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှား ဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။
John 15:15ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင် တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ၏။
John 16:26ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။