The Bible Software
bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 19 › ရှင်ယောဟန်ခရစ်ဝင် 19:30

ရှင်ယောဟန်ခရစ်ဝင် 19:30

ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက် တော်ကို စွန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

When Jesus therefore had received the vinegar, he said, It is finished: and he bowed his head, and gave up the ghost.

In Context

29ထိုအရပ်၌ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။

31ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။

Read all of ရှင်ယောဟန်ခရစ်ဝင် 19

Cross References

Genesis 3:15သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

Isaiah 53:10ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။

Daniel 9:24လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်း ခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။

Zechariah 13:7ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။

Matthew 20:28သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။

Mark 15:37ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယောဟန်ခရစ်ဝင် 19:30

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရှင်ယောဟန်ခရစ်ဝင် 19:29ရှင်ယောဟန်ခရစ်ဝင် 19ရှင်ယောဟန်ခရစ်ဝင် 19:31 →