ရှင်ယောဟန်ခရစ်ဝင် 3:25
ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊
1835 Judson Burmese Bible
In The King James Version
Then there arose a question between some of John’s disciples and the Jews about purifying.
In Context
24ယောဟန်သည်ထောင်ထဲသို့မရောက်သေး။
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Matthew 3:11ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
Mark 7:8အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။
Hebrews 6:2ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့။
Hebrews 9:13အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊
1 Peter 3:21ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကို ကိုယ်သိသောစိတ်ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။