ရှင်ယောဟန်ခရစ်ဝင် 3:35
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ။
1835 Judson Burmese Bible
In The King James Version
The Father loveth the Son, and hath given all things into his hand.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Genesis 41:44ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။
Psalms 2:8ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
Isaiah 9:6အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။
Matthew 3:17ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
Matthew 17:5ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။
Luke 10:22ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ် သည်ကို ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ခမည်းတော်ကားအဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။