ရှင်ယောဟန်ခရစ်ဝင် 5:28
ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊
1835 Judson Burmese Bible
In The King James Version
In Context
27သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Job 19:25ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
Ezekiel 37:1တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့ အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီး လျှင်၊
John 3:7ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။
John 5:20ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။
John 11:24မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက် လိမ့် မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။
1 Corinthians 15:22လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။