ရှင်ယောဟန်ခရစ်ဝင် 8:14
ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကားမသိကြ။
1835 Judson Burmese Bible
In The King James Version
In Context
13ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။
15သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
Numbers 12:3မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။
John 7:27သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူ သောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။
John 9:29ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊
John 10:36ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအား ဆိုရာ သလော။
John 14:10ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။
John 17:8အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့ သည် ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။