ရှင်ယောဟန်ခရစ်ဝင် 8:59
ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
58ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
Leviticus 24:16ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါး အမျိုးသားဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။
Luke 4:29ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောင့်ထိုးတွန်းချ ခြင်းငှါ ဆောင်သွားကြ၏။
John 5:13ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစု ဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။
John 10:30ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
John 11:8တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက် ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။
John 12:36အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။