ရှင်ယောဟန်ခရစ်ဝင် 9:24
ထိုကြောင့်၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
1 Samuel 6:5ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
Isaiah 66:5ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
Luke 7:39ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
Luke 19:7ထိုအကြောင်း။ကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏ အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
John 8:46ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။
John 9:16ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်၏။