ရှင်ယောဟန်ခရစ်ဝင် 9:3
ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှု တော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Job 1:8ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
Job 21:27သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
Job 32:3ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
Ecclesiastes 9:1အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။
Luke 13:2ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
John 11:40ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။