ရှင်ယောဟန်ခရစ်ဝင် 9:39
ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
38သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
40အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Isaiah 6:9ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့။
Isaiah 42:18နားပင်းသော သူတို့၊ ကြားကြလော့။ မျက်စိ ကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့။
Jeremiah 1:9လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။
Matthew 11:5မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာ စွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရ ကြ၏။
Luke 1:79မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။
Luke 4:18ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။