Jonah 1:2
သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။
1835 Judson Burmese Bible
In The King James Version
In Context
1အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
Cross References
Genesis 18:20တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရ မြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ် လေးသောကြောင့်၊
2 Kings 19:36အာရှုရိရှင်ဘုရင်သနာခရိပ်သည်လည်း ထို အရပ်မှ ထွက်၍ပြန် သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။
Ezra 9:6အို အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမျှော် မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရား သခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွနုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုဃ်းကောင်းကင်သို့ မှီပါ၏။
Jeremiah 1:7ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။
Ezekiel 3:5သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။
Jonah 3:3ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။