Jonah 1:5
ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 24:3လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
Job 2:4စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
Psalms 148:8မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
Isaiah 44:17ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်း ဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ် ၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ၍ ဆုတောင်းတတ်၏။
Jeremiah 2:28ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင်ထ၍ ကယ်ကြပါလေစေ။ အိုယုဒ ပြည်၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။
Jonah 1:6သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။