Jonah 2:4
ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
1835 Judson Burmese Bible
In The King James Version
Then I said, I am cast out of thy sight; yet I will look again toward thy holy temple.
In Context
Cross References
1 Kings 8:42ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊
1 Kings 9:7ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
Psalms 5:7အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။
Psalms 42:8သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ၏။ ညဉ့်အခါ ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ့၏အသက် သခင်ကို ပဌနာပြုလျက် ငါနေ၏။
Psalms 88:6အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
Isaiah 38:10ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း။