Jonah 4:3
သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏။
1835 Judson Burmese Bible
In The King James Version
In Context
4ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
Cross References
Numbers 11:15ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
1 Kings 19:4သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
Job 6:8ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။
Job 7:16ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
Ecclesiastes 7:9အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
Jonah 4:8နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိ လျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။