Jonah 4:5
ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
1835 Judson Burmese Bible
In The King James Version
In Context
4ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
Cross References
Genesis 19:27နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရ ဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင်၊
1 Kings 19:13ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။
Jeremiah 17:15ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
Jonah 1:5ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။