ယောရှုမှတ်စာ 12:6
ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
7ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
Cross References
Numbers 32:29ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
Numbers 32:33ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
Joshua 13:8ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
Joshua 18:7လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။
1 Kings 4:19အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။