ယောရှုမှတ်စာ 13:5
နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 1:7လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိ တောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီး တိုင်အောင်၎င်း သွားကြလော့။
Joshua 11:17လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
1 Kings 5:18ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။
Isaiah 10:9ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။
Amos 6:2ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။