ယောရှုမှတ်စာ 20:4
ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ruth 4:1ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
Job 29:7ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
Proverbs 31:23သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
Hebrews 6:18အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။