ယောရှုမှတ်စာ 20:7
သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 33:18ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။
Joshua 14:15ဟေဗြုန်မြို့သည် အထက်ကကိရသာဘအမည် ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင် လူကြီးဖြစ် ၏။ ထိုအခါ တပြည်လုံးစစ်ငြိမ်းလေ၏။
Joshua 19:35ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
Joshua 19:37ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
Joshua 21:13လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
Joshua 21:32နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။