ယောရှုမှတ်စာ 21:6
ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
7မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
Cross References
Exodus 6:16လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
Numbers 3:21ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
Joshua 21:33ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
1 Chronicles 6:62ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲ က မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။