ယောရှုမှတ်စာ 6:5
ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 19:19တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။
Joshua 6:20ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
Judges 20:37ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင်၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ၏။
1 Samuel 17:20ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ -
2 Chronicles 13:14ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။
Isaiah 25:12သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင် အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။