ယောရှုမှတ်စာ 9:18
ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 23:22သစ္စာဂတိ မထားဘဲနေလျှင် အပြစ်မရောက်။
Deuteronomy 23:24သင်သည် အိမ်နီးချင်း၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရ သော်လည်း မသိမ်းမယူရ။
Psalms 15:4ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊
Ecclesiastes 5:6သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ် မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကို အမျက်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။