ရှင်ယုဒဩဝါဒစာ 1:11
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့လိုက်ကြ၏။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွန်းခြင်းရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက် ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 4:3အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။
Numbers 22:1တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။
Numbers 31:16ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
Joshua 24:9မောဘရှင်ဘုရင် ဇိဖေါ်၏သား ဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ၊ ဗောရ၏သား ဗာလမ်ကို ခေါ်သော အခါ၊
Isaiah 3:9သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေး ကြပြီ။
Jeremiah 13:27သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။