တရားသူကြီးမှတ်စာ 18:27
ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သော အရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
26မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
Read all of တရားသူကြီးမှတ်စာ 18
Cross References
Deuteronomy 33:22ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
Joshua 19:47ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
Judges 18:7ထိုလူ ငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊-