တရားသူကြီးမှတ်စာ 2:16
သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 2
Cross References
Judges 3:15နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
Judges 4:5သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။
Judges 10:1အဘိမလက်လက်ထက် နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။
Ruth 1:1တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
1 Samuel 14:48ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နှုတ်လေ၏။
Nehemiah 9:27ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။