တရားသူကြီးမှတ်စာ 21:22
သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကို ထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊-
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 21
Cross References
Genesis 7:13ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။
Judges 21:7ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
Judges 21:18သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ၍၎င်း၊
Mark 10:6ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
Philemon 1:9အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။