တရားသူကြီးမှတ်စာ 21:5
ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 21
Cross References
Leviticus 27:28သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-
Judges 21:1ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
1 Samuel 11:7နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
Jeremiah 48:10ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။