တရားသူကြီးမှတ်စာ 3:7
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
6သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
Read all of တရားသူကြီးမှတ်စာ 3
Cross References
Deuteronomy 4:9သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသော အခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကို ကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
Deuteronomy 8:14သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊
Deuteronomy 16:21သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ။
Judges 2:13ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
Judges 6:25ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။
1 Samuel 12:9သူတို့၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့ ၎င်း၊ ဖိလိတ္တိလူတို့ လက်သို့၎င်း၊ မောဘရှင် ဘုရင်လက်သို့၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။