တရားသူကြီးမှတ်စာ 8:32
ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
31ရှေခင်မြို့၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ၏။
Read all of တရားသူကြီးမှတ်စာ 8
Cross References
Genesis 25:8အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏။
Judges 6:24ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏ နေရာဩဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။
Job 5:26အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။