ယေရမိမြည်တမ်းစကား 2:5
ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
2 Kings 25:9ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
Job 19:11ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။
Isaiah 29:2သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထို မြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။
Jeremiah 9:17ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ်၍ လာကြစေ။ လိမ္မာသော မိန်းမတို့ ရှိရာသို့ စေလွှတ်၍ လာကြစေ။
Jeremiah 30:14သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ၏။ သင့်အပြစ်သည် ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ။
Lamentations 2:2ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။