ယေရမိမြည်တမ်းစကား 2:9
မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Deuteronomy 28:36ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။
1 Samuel 28:6ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
2 Kings 25:7ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
Nehemiah 1:3သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။
Isaiah 24:12ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့တံ ခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
Jeremiah 39:2ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊