ယေရမိမြည်တမ်းစကား 4:3
မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး၍နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 4
Cross References
Deuteronomy 28:52သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
2 Kings 6:26ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
Job 39:16သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
Jeremiah 19:9သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
Lamentations 4:10စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုငယ်ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသော ကာလ၌ မိမိတို့သားကိုပင် စားရကြ၏။
Luke 23:28ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။