ယေရမိမြည်တမ်းစကား 4:9
ထားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေ သောသူထက် သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက်၍ ပိန်ကြုံရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 4
Cross References
Deuteronomy 28:51သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူ သည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။
Jeremiah 16:4ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည်။
Ezekiel 7:15ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။
Ezekiel 33:10သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊