ဝတ်ပြုရာကျမ်း 10:1
အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။
1835 Judson Burmese Bible
In The King James Version
In Context
2ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။
Cross References
Exodus 6:23အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမ ဧလိရှဘနှင့် စုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဘွားလေ၏။
Exodus 24:1တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။
Exodus 27:3ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။
Exodus 30:1တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။
Exodus 30:34တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊
Exodus 37:29ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎င်း၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို၎င်း လုပ်လေ၏။