ဝတ်ပြုရာကျမ်း 11:45
ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
46သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။
Cross References
Exodus 6:7ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။
Exodus 20:2ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Leviticus 11:44ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။
Leviticus 19:36မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
Leviticus 22:33ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Leviticus 26:45ငါသည် သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။