ဝတ်ပြုရာကျမ်း 13:4
ကိုယ်အရေ၌ရှိသော နူကွက်သည် ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 13:25ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာ ထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာမှန်၏။
Leviticus 13:50ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကို ကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာ ထားရမည်။
Numbers 12:14ထာဝရဘုရားကလည်း၊ သူ၏ အဘသည် သူ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း၊
Deuteronomy 13:14သိတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊
1 Corinthians 4:5ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။