ဝတ်ပြုရာကျမ်း 14:10
အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါမလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့၊ ဆီရောသော မုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို၎င်း ယူပြီးလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 29:40သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎င်း၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည်။
Leviticus 1:10သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
Leviticus 2:11ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီးမရှို့ရ။ ပျားရည်ကိုလည်း မရှို့ရ။
Leviticus 4:32သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။
Leviticus 14:12သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။
Leviticus 14:21ထိုသူသည် ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို၎င်း၊-