ဝတ်ပြုရာကျမ်း 14:4
စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့၊ အသက်ရှင်၍ စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ် သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊-
1835 Judson Burmese Bible
In The King James Version
In Context
5စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တကောင်ကို သတ်စေပြီးမှ၊-
Cross References
Exodus 12:22ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။
Leviticus 5:7သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
Leviticus 14:6အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသော ရေ၌နှစ်ပြီးလျှင်၊-
Leviticus 14:50စီးသောရေကို ထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကို သတ်ပြီးမှ၊
Numbers 19:18စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။
Hebrews 9:19တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊