ဝတ်ပြုရာကျမ်း 14:57
ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး၊ အဝတ်၌ စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
To teach when it is unclean, and when it is clean: this is the law of leprosy.
In Context
Cross References
Leviticus 10:10မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။
Deuteronomy 24:8နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။
Ezekiel 44:23ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။