ဝတ်ပြုရာကျမ်း 14:7
နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသော အရပ်၌ လွှတ်လိုက်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 4:6မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။
Leviticus 8:11ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ၏။
Leviticus 13:17ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူ စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည် စင်ကြယ်၏။
Leviticus 16:14နွားအသွေးအချို့ကိုလည်း ယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံး ရှေ့၌လည်း ခုနှစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။
Leviticus 16:22သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။
Numbers 19:18စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။