ဝတ်ပြုရာကျမ်း 16:3
အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင် ပါရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 1:3နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
Leviticus 4:3ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ -
Leviticus 8:18ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန် နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
Leviticus 9:3ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ -
Hebrews 9:7ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ် ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာဝင်ရ၏။
Hebrews 9:24ထိုသို့နှင့်အညီ၊ မှန်သောသန့်ရေးဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊