ဝတ်ပြုရာကျမ်း 16:4
သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 28:39ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။
Exodus 30:20အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊
Exodus 40:12အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။
Leviticus 6:3ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
Leviticus 8:6ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊
Isaiah 53:2ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။