The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 17 › ဝတ်ပြုရာကျမ်း 17:11

ဝတ်ပြုရာကျမ်း 17:11

အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။

1835 Judson Burmese Bible

In The King James Version

For the life of the flesh is in the blood: and I have given it to you upon the altar to make an atonement for your souls: for it is the blood that maketh an atonement for the soul.

In Context

10ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။

12ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။

Read all of ဝတ်ပြုရာကျမ်း 17

Cross References

Genesis 9:4သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။

Leviticus 4:26မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။

Leviticus 16:11အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။

Leviticus 17:14အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။

Matthew 20:28သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။

Mark 14:24ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 17:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 17:10ဝတ်ပြုရာကျမ်း 17ဝတ်ပြုရာကျမ်း 17:12 →