ဝတ်ပြုရာကျမ်း 18:6
သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
7သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
Cross References
Genesis 19:33ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့် အိပ်လေ ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘ မသိ။
Leviticus 20:11ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
Leviticus 21:2သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊-
Ezekiel 22:11သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။