ဝတ်ပြုရာကျမ်း 19:13
ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 22:8သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။
Exodus 22:15ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။
Exodus 22:24ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
Leviticus 25:14သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။
Deuteronomy 24:14အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ။
Job 7:2ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊