ဝတ်ပြုရာကျမ်း 19:29
ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
28သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
30ငါ့ဥပုသ်နေ့တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Cross References
Leviticus 21:7သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။
Deuteronomy 23:18ပြည်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း ၍ ရသောငွေကို သစ္စာဂတိပြေစေခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့ သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။
1 Corinthians 6:15သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏ အင်္ဂါကိုယူ၍ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ် သလော။ မဖြစ်စေအပ်။