ဝတ်ပြုရာကျမ်း 19:3
လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
1835 Judson Burmese Bible
In The King James Version
Ye shall fear every man his mother, and his father, and keep my sabbaths: I am the LORD your God.
In Context
Cross References
Genesis 48:12ယောသပ်သည်လည်း၊ သားတို့ကို အဘ၏ဒူး ကြားမှ ထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
Exodus 20:8ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
Exodus 21:15မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။
Exodus 31:13ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။
Leviticus 19:25ပဉ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Leviticus 19:31ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။