The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 20 › ဝတ်ပြုရာကျမ်း 20:3

ဝတ်ပြုရာကျမ်း 20:3

ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။

1835 Judson Burmese Bible

In The King James Version

And I will set my face against that man, and will cut him off from among his people; because he hath given of his seed unto Molech, to defile my sanctuary, and to profane my holy name.

In Context

2ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။

4မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-

Read all of ဝတ်ပြုရာကျမ်း 20

Cross References

Leviticus 7:20ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

Leviticus 15:31ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့ မစင် ကြယ်ရာ၌ မသေစေခြင်းငှါ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။

Leviticus 18:21သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။

Leviticus 21:6သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။

Ezekiel 5:11ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည် လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။

Ezekiel 23:38ထိုမှတပါး၊ ငါ၌ပြုသော အမှုဟူမူကား၊ ထိုနေ့ ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 20:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 20:2ဝတ်ပြုရာကျမ်း 20ဝတ်ပြုရာကျမ်း 20:4 →